၇၈။ လစာနှုန်းအတွင်း လစာလျှော့ချခြင်းပြစ်ဒဏ်ချမှတ်ရာတွင် လိုက်နာရမည့်ကိစ္စရပ်များနှင့် အကျိုးသက်ရောက်မှုများကို ဖော်ပြပါ။
နည်းဥပဒေ ၂၁၀၊ နည်းဥပဒေခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အရ လစာနှုန်းအတွင်းလစာ လျှော့ချ ခြင်းပြစ်ဒဏ်ကိုချမှတ်ရာ၌-
- (၁) ချိန်နှုန်းလစာအတွင်း မည်သည့်လစာအဆင့်သို့ လျှော့ချသည်ကို သတ်မှတ်ရမည်။
- (၂) ပြစ်ဒဏ်ကာလကိုသတ်မှတ်ပေးရမည်။
- (၃) ပြစ်ဒဏ်ကာလအတွင်း နှစ်တိုးလစာ ရပ်ဆိုင်းထားရမည်။
- (၄) ပြစ်ဒဏ်ကာလကုန်ဆုံး၍ ဝန်ထမ်းအားမူလလစာအဆင့်ကို ပြန်လည်ခံစားခွင့်ပြုသည့် အခါ နောင်ရရန်ရှိသောနှစ်တိုးလစာများရွေ့သွားစေခြင်းမရှိစေရဟုသော်လည်းကောင်း၊ ရွေ့သွားစေရမည်ဟုသော်လည်းကောင်းသတ်မှတ်ရမည်။ နောင်နှစ်တိုးလစာများ ရွေ့သွား စေရမည်ဟုသတ်မှတ်လျှင် မည်သည့်ကာလအပိုင်းအခြားအထိ ရွေ့သွားစေရမည်ကို ဖော်ပြရမည်။
- (၅) ယင်းပြစ်ဒဏ်ကာလအတွင်း ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းထားရမည်။