၅။ ပြင်ပပုဂ္ဂိုလ်ဖြစ်သော ကိုယ်ဝန်ရှိသည့် အမျိုးသမီးများအား အလုပ်ခန့်ထားခွင့်ရှိပါသလား။
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င) အရ ပြင်ပပုဂ္ဂိုလ်ဖြစ်သော ကိုယ်ဝန်ရှိသည့် အမျိုးသမီးများအား မီးဖွားပြီး ရက်သတ္တပတ် ဆယ့်နှစ်ပတ်ပြည့်သည့်အခါမှသာ ခန့်ထားမည်ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ခန့်ထားနိုင်ပါသည်။