၄၁။ ဆေးလက်မှတ်ခွင့်ကို မည်ကဲ့သို့ ခွင့်ပြုနိုင်သနည်း။
နည်းဥပဒေ ၉၃၊ နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့၏ ထောက်ခံချက်ကိုတင်ပြမှသာ ခွင့်ပြုရမည်။ တစ်ကြိမ်လျှင်မည်မျှခွင့်ပြုရမည်ဟု သတ်မှတ်ချက်မရှိသော်လည်း ဆေးလက်မှတ်၌ ထောက်ခံ ထားသည့်ကာလထက် ကျော်လွန်၍ ခွင့်မပြုရ။