၃။ ဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေးရန်အတွက် အရည်အချင်းစစ်ဆေးသည့်နည်းလမ်းများ ကိုဖော်ပြပါ။
နည်းဥပဒေ ၂၉ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်း၏အရည်အချင်းကို စစ်ဆေးရာ၌ အောက်ပါ နည်းလမ်းများအနက် တိုးမြှင့်ခန့်ထား မည့် ရာထူးအဆင့်၏ လုပ်ငန်းသဘာဝနှင့်လျော်ညီသည့် နည်းလမ်းများကို အသုံးပြုရမည် –
- (က) စစ်ဆေးခြင်း-
- (၁) ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊
- (၂) လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးခြင်း၊
- (၃) ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုနှစ်ရပ်စလုံးဖြင့် စစ်ဆေးခြင်း။
- ( ခ ) အကဲဖြတ်အမှတ်ပေးခြင်း၊
- ( ဂ ) လူတွေ့စစ်ဆေးခြင်း၊
- (ဃ) စိတ်အခြေအနေစစ်ဆေးခြင်း(ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအတွက်သာ)၊