၃၇။ ဝန်ထမ်းတစ်ဦးသည် မလွှဲမရှောင်သာသည့် အကြောင်းကြောင့် တစ်ဆင့်နိမ့်သောရာထူးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါကနှစ်တိုးကိုမည်သို့ရေတွက်ရမည်နည်း။
နည်းဥပဒေ ၅၆ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးသည်ရာထူးတစ်ခုတွင် တာဝန်ထမ်းဆောင် လျက်ရှိရာမှ မလွှဲမရှောင်သာသည့် အကြောင်းတစ်ရပ်ရပ်ကြောင့် ယင်းရာထူးအောက်တစ်ဆင့် နိမ့်သော ရာထူးတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားခြင်းခံရသည့်အခါ ယခင်ရာထူးတွင် တာဝန်ထမ်းဆောင် ခဲ့သည့်ကာလကို နှစ်တိုးရေတွက် ခွင့်ပြုရမည်။