၃၃။ တန်းစီဇယားသက်တမ်းကာလအတွင်း မည်သည့်ဝန်ထမ်းများကို ချန်လှပ်၍ ယင်းအောက်ရှိ ဝန်ထမ်းများကို ရာထူးတိုးမြှင့်ပေးနိုင်ပါသလဲ။
နည်းဥပဒေ ၄၁ ပါ ပြဋ္ဌာန်းချက်အရ တန်းစီဇယားသက်တမ်းကာလအတွင်း ဝန်ထမ်း ပြစ်ဒဏ်တစ်မျိုးမျိုးချမှတ်ခြင်းခံရသည့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုခံရသည့် ဝန်ထမ်းများ၊ တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရသည့်ဝန်ထမ်းများ၊ ဥပဒေကြောင်းအရ အရေးယူခံရသည့် သို့မဟုတ် စစ်ဆေးခံရဆဲ ဝန်ထမ်းများကို အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ တန်းစီဇယားတွင် ချန်လှပ်ပြီး ယင်းအောက်ရှိဝန်ထမ်းအား ရာထူးတိုးမြှင့်ပေးရမည်။