၂၅။ ကူးစက်ရောဂါကာကွယ်ခွင့်ကို မည်ကဲ့သို့ ခံစားခွင့်ပြုနိုင်ပါသနည်း။
နည်းဥပဒေ ၈၆ ပါ ပြဋ္ဌာန်းချက်အရ ကူးစက်ရောဂါကာကွယ်ခွင့်သည် ဝန်ထမ်း၏မိသားစု သို့မဟုတ် အတူနေမိသားစု၌ ကူးစက် ရောဂါဖြစ်ပွားသောကြောင့် ဝန်ထမ်းကိုအလုပ်ခွင်သို့မလာ ရောက်စေရန် ခွင့်ပြုသောခွင့်ဖြစ်သည်။ ဤခွင့်ခံစားနေသူဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။ ကူးစက်ရောဂါကာကွယ်ခွင့်ကို –
- (က) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက မြို့နယ်၊ ကျေးလက်၊ တိုက်နယ် ဆေးရုံတို့မှ ဆရာဝန်၏ထောက်ခံချက်အရသာ ခွင့်ပြုရမည်။
- ( ခ ) သာမန်အားဖြင့် ၂၁ ရက်အထိခွင့်ပြုရန်ဖြစ်သော်လည်း ထူးခြားသောအခြေအနေ တွင် ရက် ၃၀ အထိခွင့်ပြုနိုင်သည်။
- ( ဂ ) အခြားခွင့်များ၏ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေဆက်စပ်ခွင့်ပြုနိုင်သည်။
- (ဃ) ခွင့်ကာလအတွင်း တာဝန်ချိန်လစာနှုန်းပြည့်ခံစားခွင့်ပြုရမည်။
- ( င ) ခံစားနေသည့် ဝန်ထမ်း၏နေရာတွင်လူစားမခန့်ရ။