၂၀။ မည်သည့်အခြေအနေများတွင် ရှောင်တခင်ခွင့်ကို ပို၍ခွင့်ပြုနိုင်သနည်း။
နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အရ ရှောင်တခင်ခွင့်ကို ခိုင်လုံသည့် အကြောင်းရှိပါက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ ၁၀ ရက်ထက် ပို၍ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရ ခြင်းသည်ယခင်ခံစားပြီးဖြစ်သည့် ရှောင်တခင်ခွင့်ရက်များတွင် ရုံးပိတ်ရက်များပါဝင်ခဲ့ခြင်း သို့မဟုတ် ယခုတောင်းခံသည့် ရှောင်တခင်ခွင့်ရက်များတွင် ရုံးပိတ်ရက်ပါဝင်နေခြင်းတို့အတွက် ရှောင်တခင်ခွင့် ၁၀ ရက် ထက်ပိုပြီးခွင့်ပြုပေးရန် ခိုင်လုံသည့်အကြောင်းများရှိလျှင် ခွင့်ပြုပိုင်ခွင့်ရှိသူက ထည့်သွင်း စဉ်းစားပြီး ခွင့်ပြုပေးရန်ဖြစ်သည်။