၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များသည် မည်သည့်ဝန်ထမ်းများနှင့် သက်ဆိုင် ပါသနည်း။
နည်းဥပဒေ ၂ ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံထုတ်ပေးသည့်လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်း များနှင့်သက်ဆိုင်ပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ် သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤနည်းဥပဒေများပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိပါ။