၁၂။ လစာဆိုသည်မှာ အဘယ်နည်း။
နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ဍ) အရ လစာ ဆိုသည်မှာ ဝန်ထမ်းက လစဉ်ရရှိသော ဝင်ငွေ ဖြစ်ပြီး အောက်ပါအမျိုးအစားများ ပါဝင်သည် –
- (၁) အမြဲတမ်းဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ တာဝန်ထမ်းဆောင်လျက်ရှိသည့် ရာထူးအတွက် ခွင့်ပြုထားသည့်လစာ၊
- (၂) နိုင်ငံတော်အစိုးရက လစာဟူ၍ သတ်မှတ်ထားသော အခြားဝင်ငွေများ။