၁၁။ ဝန်ထမ်းတစ်ဦးကို လက်ရှိရာထူးမှ အဆင့်နိမ့်သောရာထူးသို့ မည်သည့်အခြေအနေများတွင် ပြောင်းရွှေ့နိုင်ပါသလဲ။
နည်းဥပဒေ ၁၁ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးကို လက်ရှိရာထူးမှ အဆင့်နိမ့်သော ရာထူးသို့ လုပ်ရည်ကိုင်ရည်ညံ့ဖျင်းခြင်း၊ မလျော်ကန်သည့် အပြုအမူပြုလုပ်ကြောင်း ခိုင်လုံသည့် အထောက်အထားရှိခြင်း၊ ဝန်ထမ်းကိုယ်တိုင်က လစာနည်းသောရာထူးသို့ ပြောင်းရွှေ့ပေးရန် စာဖြင့် တောင်းခံခြင်းစသည့်အခြေအနေများတွင် ပြောင်းရွှေ့ခန့်ထားနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်တွင် ရာထူးတစ်ခုကိုဖျက်သိမ်းသည့်အတွက် ယင်းရာထူး၌တာဝန်ထမ်းဆောင်နေသောဝန်ထမ်းကို အခြား ရာထူးတစ်ခုသို့ လွှဲပြောင်းနေရာချထားခြင်းနှင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာပြစ်ဒဏ် ဖြစ်သည့် လက်ရှိရာထူးမှ အဆင့်နိမ့်ရာထူးသို့ ကာလကန့်သတ်ချက်ဖြင့် ခေတ္တပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခြင်းတို့သည် အကျုံးမဝင်ပါ။