ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၁၀။ အရည်အချင်းစစ်ဆေးရာတွင် မည်ကဲ့သို့ အမှတ်ပေးသနည်း။

နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ အရည်အချင်းစစ်ဆေးရာ၌ အောက်ပါအမှတ်ပေးစနစ်ကို ကျင့်သုံးရမည် –

  • (၁)        ရေးဖြေစာမေးပွဲနှင့်လက်တွေ့ပါစစ်ဆေးရာတွင် -ရေးဖြေစာမေးပွဲအမှတ်ပြည့် ၄၀ မှတ်နှင့် လက်တွေ့အမှတ်ပြည့် ၆၀ မှတ် သို့မဟုတ် ရေးဖြေစာမေးပွဲသက်သက် သို့မဟုတ် လက်တွေ့သက်သက်စစ်ဆေး ခြင်းအတွက် အမှတ်ပြည့် ၁၀၀            မှတ် သို့မဟုတ် ဌာနဆိုင်ရာအစီအစဉ်ဖြင့် ကျင်းပသည့် ဌာနဆိုင်ရာစာမေးပွဲ၊ အခြားနည်းစစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀၀       မှတ်
  • (၂)         အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့်       ၁၀၀     မှတ်
  • (၃)        လုပ်သက်အတွက် အမှတ်ပြည့်     ၁၀၀     မှတ်
  • (၄)        လူတွေ့စစ်ဆေးခြင်းအတွက် အမှတ်ပြည့်     ၅၀      မှတ်

my_MMMY