ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၄ အပိုဒ် (၃)

၃။         ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့်အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာနေစဉ် သေဆုံးသည့်ဝန်ထမ်း

  •    (က) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာနေစဉ်သေဆုံးကြောင်းသိရှိရသည့်နေ့ သို့မဟုတ် ဝန်ထမ်းသေဆုံးသည့် အထောက်အထားများရရှိသည့်နေ့မှစ၍ တစ်လအတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၂  ပါပြဋ္ဌာန်းချက်အရ ရှေးဦးစုံစမ်းမှုကိုစစ်ဆေးဆောင်ရွက်ရမည်။ ရှေးဦးစုံစမ်းမှုပြုလုပ် ရာတွင် တွေ့ရှိရသည့်အချက်များအရ ဌာနဆိုင်ရာစစ်ဆေးရန်လိုအပ်ကြောင်း ခိုင်လုံစွာ တွေ့ရှိရလျှင် ရှေးဦးစုံစမ်းမှုစစ်ဆေးဆောင်ရွက်ပြီး နှစ်လအတွင်း ဌာနဆိုင်ရာစစ်ဆေးမှုကို နည်းဥပဒေ ၁၉၄ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက တာဝန်ပေးအပ်ဆောင်ရွက်ရမည်။
  •    ( ခ ) ရှေးဦးစုံစမ်းရန် တာဝန်ပေးအပ်သည့်အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဖြင့်စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့၏အစီရင်ခံစာအပေါ် စိစစ်သုံးသပ်၍အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ်သုံးသပ် ချက်များအရ အလုပ်ခွင်မှကင်းကွာပြီး ပျောက်ဆုံးနေစဉ်သေဆုံးသည့် ဝန်ထမ်းသည် မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက အလုပ်ခွင်မှကင်းကွာနေစဉ် သေဆုံးသည့်ဝန်ထမ်း၏ အမွေဆက်ခံခွင့်ရှိသော မိသားစုဝင် များကို မိသားစုအထူးပင်စင်ခံစားခွင့်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ယင်းသဘောထား မှတ်ချက်များနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ပေးပို့၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားမှတ်ချက်ရယူရမည်။
  • ( ဂ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားရမည်။
  • (ဃ) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားပြန်ကြားချက်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအနေဖြင့် ဝန်ထမ်းသေဆုံးသည့်အထောက်အထားများအရ အမွေ ဆက်ခံခွင့်ရှိသော မိသားစုဝင်များအား မိသားစုအထူးပင်စင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူရမည်။
  • ( င ) အထက်အပိုဒ် (ဃ)အရ မိသားစုအထူးပင်စင်ခွင့်ပြုပြီးနောက် ဝန်ထမ်းကို ပြန်လည် တွေ့ရှိပါက မိသားစုပင်စင်အကျိုးခံစားခွင့်ရှိသူမှ ထုတ်ယူခဲ့သော ပင်စင်လစာငွေနှင့် လုပ်သက်ဆုငွေတို့ကိုတစ်လုံးတည်း ပြန်လည်ပေးသွင်းရမည်။
  • ( စ ) သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ်  အဖွဲ့အစည်းက ဝန်ထမ်း၏ကင်းကွာနေသည့်ကာလ အတွင်းရရှိခံစားထိုက်သော လစာနှုန်းပြည့်နှင့်စရိတခံစားခွင့် ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အရေးယူဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် အထူး ကိစ္စရပ်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်သည်။

 

                                                                                                        အောင်သော်

                                                                                                             ဥက္ကဋ္ဌ

                                                                                       ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY