ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၄ အပိုဒ် (၂)

၂။          ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့်အခြေအနေ ကြောင့် အလုပ်ခွင်မှကင်းကွာနေပြီး ဌာနသို့ပြန်လည်ရောက်ရှိသတင်းပို့လာသည့်ဝန်ထမ်း

  •              (က) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာပြီး ဝန်ထမ်းပျောက်ဆုံးမှုအခြေအနေ အကြောင်းအရင်းမှန်ကိုသိရှိနိုင်ရန် ဌာန သို့မဟုတ် အလုပ်ခွင်သို့ပြန်လည်ရောက်ရှိ သတင်းပို့သည့်နေ့မှစ၍ တစ်လအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၂  ပါပြဋ္ဌာန်းချက်အရ ရှေးဦးစုံစမ်းမှုကိုစစ်ဆေးဆောင်ရွက်ရမည်။ ရှေးဦးစုံစမ်းမှု ပြုလုပ်ရာတွင် တွေ့ရှိရသည့်အချက်များအရ ဌာနဆိုင်ရာစစ်ဆေးရန်လိုအပ်ကြောင်း ခိုင်လုံစွာတွေ့ရှိရလျှင် ဌာနဆိုင်ရာစစ်ဆေးမှုကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၄ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက တာဝန်ပေးအပ်ဆောင်ရွက်ရမည်။
  •              ( ခ ) ရှေးဦးစုံစမ်းရန်တာဝန်ပေးအပ်သည့်အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဖြင့် စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့၏အစီရင်ခံစာအပေါ်စိစစ်သုံးသပ်၍ အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ် သုံးသပ်ချက်များအရ ဝန်ထမ်းသည်မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှု မရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါဝန်ထမ်းကို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၃ ပါ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များချမှတ်နိုင်ရေးအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၃၈ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၈ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေကြောင်းအရ အရေးယူရမည့်ကိစ္စရပ်ဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက ဆောင်ရွက်ရမည်။
  •              ( ဂ ) ရှေးဦးစုံစမ်းရန်တာဝန်ပေးအပ်သည့် အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဖြင့် စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအပေါ်စိစစ်သုံးသပ်၍ အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ်သုံးသပ်ချက်များအရ အလုပ်ခွင်မှကင်းကွာပြီးနောက် ဌာနသို့ပြန်လည်ရောက်ရှိ သတင်းပို့လာသည့်ဝန်ထမ်းသည်မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါဝန်ထမ်းအား မူလရာထူးနေရာတွင် တာဝန်ပြန်လည် ပေးအပ်နိုင်ရေး၊ အလုပ်ခွင်မှကင်းကွာနေသည့်ကာလအတွက် ဝန်ထမ်းလက်ရှိခံစားနေသော လစာနှုန်းပြည့်နှင့်စရိတခံစားခွင့်ပြုနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ယင်းသဘောထား မှတ်ချက်များနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ပေးပို့၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ သဘောထားမှတ်ချက်ရယူရမည်။
  •              (ဃ) ဝန်ထမ်းပြန်လည်ရောက်ရှိ သတင်းပို့လာသည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၄၊ နည်းဥပဒေခွဲ (က)ပါဒဏ်ရာအနာတရဖြစ်စေခြင်းနှင့် အကျုံးဝင်ပါက အထူးပင်စင်ကို နည်းဥပဒေ ၂၅၉၊ ၂၆၀၊ ၂၆၁ နှင့် ၂၆၂ တို့ပါ အနာတရဖြစ်မှုအဆင့်အလိုက် အထူးပင်စင်ခံစားခွင့်ပြုရမည်။
  •              ( င ) ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားရမည်။
  •              ( စ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားပြန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ပြန်လည်သတင်းပို့လာသည့်ဝန်ထမ်းကို ဆက်လက်တာဝန် ပေးအပ်ရန် အလုပ်ခွင်မှကင်းကွာနေသည့်ကာလအတွက် ဝန်ထမ်းလက်ရှိခံစားနေသော လစာနှင့်စရိတ်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ခံစားခွင့်ပြုနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်။
  •              (ဆ) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ အလုပ်ခွင်မှကင်းကွာပြီး တစ်နှစ်ပြည့်ပြီးနောက် ပြန်လည်ရောက်ရှိသတင်းပို့လာသည့် ဝန်ထမ်းများအတွက် ဥပဒေနှင့်ငြိစွန်းခြင်း ရှိ မရှိ အမှုကိစ္စတစ်ခုချင်းအလိုက် စိစစ်တင်ပြရမည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY