နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ – ၂၉
အရည်အချင်းစစ်ဆေးခြင်း
၂၉။ ဝန်ထမ်း၏အရည်အချင်းကို စစ်ဆေးရာ၌ အောက်ပါနည်းလမ်းများအနက် တိုးမြှင့်ခန့်ထား မည့် ရာထူးအဆင့်၏ လုပ်ငန်းသဘာဝနှင့်လျော်ညီသည့် နည်းလမ်းများကို အသုံးပြုရမည် –
- (က) စစ်ဆေးခြင်း-
- (၁) ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊
- (၂) လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးခြင်း၊
- (၃) ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုနှစ်ရပ်စလုံးဖြင့် စစ်ဆေး ခြင်း။
- ( ခ ) အကဲဖြတ်အမှတ်ပေးခြင်း၊
- ( ဂ ) လူတွေ့စစ်ဆေးခြင်း။