နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၂၈၀
၂၈၀။ အောက်ပါအချက်အလက်များကို သက်ဆိုင်ရာ ရုံးအမိန့်များ၊ လစာတောင်းခံလွှာများ၊ ခွင့်စာရင်းများနှင့်စိစစ်ပြီး ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် နေ့ရက်ကာလအပိုင်းအခြားနှင့်တကွ မှတ်တမ်းတင်ရမည်-
- (က) ရာထူးတိုးမြှင့်ခြင်း၊
- ( ခ ) နှစ်တိုးခွင့်ပြုခြင်း၊
- ( ဂ ) ပြောင်းရွှေ့ခြင်း၊
- (ဃ) ခွင့်ခံစားခြင်း၊
- ( င ) ဆုချီးမြှင့်ခံရခြင်း၊
- ( စ ) ဘွဲ့ထူး၊ဂုဏ်ထူးများရရှိခြင်း၊
- (ဆ) ပညာရည်တိုးတက်မှုရရှိခြင်း၊
- ( ဇ ) သင်တန်းထူးချွန်မှုရရှိခြင်း။