နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၂၄၆
၂၄၆။ ဆုငွေနှင့်ပင်စင်လစာ တွက်ချက်မှုနှင့်စပ်လျဉ်း၍ –
- (က) ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက် ၁၀ နှစ် မပြည့်ပါက လုပ်သက်ဆုငွေတစ်မျိုး တည်းကိုသာ အောက်ပါအတိုင်းခွင့်ပြုသည် –
- (၁) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ်မပြည့်သည့်ကိစ္စ –
လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၁၀၀% = လုပ်သက်ဆုငွေ
- (၂) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ်ပြည့်ပြီး ၁၀ နှစ် မပြည့် သေးသည့်ကိစ္စ-
လုပ်သက်နှစ်× နောက်ဆုံးထုတ်လစာ × ၁၅၀% = လုပ်သက်ဆုငွေ
- ( ခ ) သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်ယူရာတွင် ပင်စင်အကျိုး ခံစားခွင့်ရှိသည့်လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့်ကိစ္စနှင့် နှစ်ပြည့်ပင်စင်၊ လျှော့ပေါ့ပင်စင် ယူသည့်ကိစ္စများတွင် ပင်စင်လစာနှင့်လုပ်သက်ဆုငွေကို အောက်ပါအတိုင်း တွက်ချက်ခွင့်ပြုသည် –
- (၁) လုပ်သက်နှစ်× နောက်ဆုံးထုတ်လစာ× ၁.၅% = ပင်စင်လစာ
- (၂) လုပ်သက်နှစ်× နောက်ဆုံးထုတ်လစာ× ၅၀% = လုပ်သက်ဆုငွေ
- ( ဂ ) ပင်စင်လစာ၊ လုပ်သက်ဆုငွေ တွက်နည်းကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်သည်။
- (၁) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ်မပြည့်သည့်ကိစ္စ –