နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ – ၁၆
၁၆။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) နှင့် အဆင့် (၃) ရာထူးအဆင့်များအနက် ရာထူးအဆင့်တစ်ခုခုတွင် လုပ်ငန်းသဘာဝအရ ဖြစ်စေ၊ ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့်အရည်အချင်းအရဖြစ်စေ ပြင်ပမှပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စတွင် ခန့်အပ်လိုသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့်ရာထူးကို ကျောထောက်နောက်ခံပြု၍ လျော်ညီသော အလုပ်သင်အဆင့်ရာထူးတွင် ဦးစွာခန့်ထား၍ လုပ်ငန်း ဆောင်ရွက်မှုကို ကျေနပ်မှုရှိပါက ကျောထောက်နောက်ခံပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် ရာထူးတွင် ခန့်ထားရမည်။