နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၁၅၆
၁၅၆။ အားလပ်ရက်ရှည်ကာလကို ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသ၏ ပြင်ပတွင် ခံစားခွင့်ပြု ခဲ့သော် ခွင့်ပြုရမည့် ဒေသစရိတ်နှင့်စပ်လျဉ်း၍ –
- (က) အားလပ်ရက်ရှည်ကာလကို ခွင့်နှင့်ဆက်စပ်ခံစားခြင်းမဟုတ်ပါက ထိုကာလကို ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသ၏ ပြင်ပသို့ ယာယီပြောင်းရွှေ့တာဝန်ထမ်းဆောင် သကဲ့သို့ မှတ်ယူရမည်။
- ( ခ ) အားလပ်ရက်ရှည်ကာလကို ပျမ်းမျှလစာပြည့်ရခွင့်ရှိသောကာလ လေးလထက် မကျော်သည့် ခွင့်နှင့်ဆက်စပ်ခံစားခဲ့လျှင် ယင်းအားလပ်ရက်ရှည်ကာလကို ဒေသစရိတ်ခံစားခွင့်ရှိသည့် ခွင့်ကာလအဖြစ် မှတ်ယူရမည်။