နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၁၅၂
အခန်း (၁၂)
ဒေသစရိတ်ခံစားခွင့်ပြုခြင်း
၁၅၂။ ဒေသစရိတ်ခံစားခွင့်ရှိသည့် မြို့နယ်အသီးသီးအတွက် လက်ရှိ လူမှုရေးခက်ခဲမှုအခြေအနေ များနှင့်စပ်လျဉ်း၍ –
(က) အောက်ပါမြိုနယ်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် မြို့နယ်များကို ဒေသစရိတ်ခံစားခွင့်ရှိသည့် လူမှုရေး ခက်ခဲသောမြို့နယ်များအဖြစ် သတ်မှတ်သည် –
ကချင်ပြည်နယ်
- (၁) အင်ဂျန်းယန်မြို့နယ်၊
- (၂) ဆော့လော်မြို့နယ်၊
- (၃) ဆွမ်ပရာဘွမ်မြို့နယ်၊
- (၄) ခေါင်လန်ဖူးမြို့နယ်၊
- (၅) နောင်မွန်းမြို့နယ်၊
- (၆) ပန်နန်းဒင်မြို့နယ်၊
- (၇) တနိုင်းမြို့နယ်၊
- (၈) ရှင်ဗွေယန်မြို့နယ်၊
- (၉) ချီဗွေမြို့နယ်၊
- (၁၀) ပန်ဝါမြို့နယ်၊
- (၁၁) မချမ်းဘောမြို့နယ်၊
- (၁၂) ပူတာအိုမြို့နယ်၊
- (၁၃) မန်စီမြို့နယ်၊
- (၁၄) ဆင်ဘိုမြို့နယ်၊
- (၁၅) မြို့လှမြို့နယ်၊
- (၁၆) ဒေါ့ဖုန်းယန်မြို့နယ်၊
- (၁၇) ကန်ပိုက်တီးမြို့နယ်၊
- (၁၈) လွယ်ဂျယ်မြို့နယ်၊
- (၁၉) ဆဒုံးမြို့နယ်။
ကယားပြည်နယ်
- (၁) ရှားတောမြို့နယ်၊
- (၂) မယ်စဲ့မြို့နယ်၊
- (၃) ဖားဆောင်းမြို့နယ်၊
- (၄) ဘော်လခဲမြို့နယ်၊
- (၅) ရွာသစ်မြို့နယ်၊
- (၆) ဒီမောဆိုးမြို့နယ်၊
- (၇) ဖရူဆိုမြို့နယ်။
ကရင်ပြည်နယ်
- (၁) ဖာပွန်မြို့နယ်၊
- (၂) သံတောင်ကြီးမြို့နယ်၊
- (၃) ဘောဂလိမြို့နယ်၊
- (၄) လိပ်သိုမြို့နယ်၊
- (၅) ကြာအင်းဆိပ်ကြီးမြို့နယ်၊
- (၆) ဘုရားသုံးဆူမြို့နယ်၊
- (၇) ကျိုက်ဒုံမြို့နယ်၊
- (၈) ရှမ်းရွာသစ်မြို့နယ်၊
- (၉) စုကလိမြို့နယ်၊
- (၁၀) ဝေါလေမြိုင်မြို့နယ်၊
- (၁၁) ကမမောင်းမြို့နယ်၊
- (၁၂) ပိုင်ကျုံမြို့နယ်။
ချင်းပြည်နယ်
- (၁) တွန်းဇံမြို့နယ်၊
- (၂) ကျီခါးမြို့နယ်၊
- (၃) ထန်တလန်မြို့နယ်၊
- (၄) မတူပီမြို့နယ်၊
- (၅) ရေဇွာမြို့နယ်၊
- (၆) ဖလမ်းမြို့နယ်၊
- (၇) ရိခေါရ်ဒါရ်မြို့နယ်၊
- (၈) ဟားခါးမြို့နယ်၊
- (၉) တီးတိန်မြို့နယ်၊
- (၁၀) မင်းတပ်မြို့နယ်၊
- (၁၁) ပလက်ဝမြို့နယ်၊
- (၁၂) ကန်ပက်လက်မြို့နယ်။
စစ်ကိုင်းတိုင်းဒေသကြီး
- (၁) လေရှီးမြို့နယ်၊
- (၂) မိုပိုင်းလွတ်မြို့နယ်၊
- (၃) လဟယ်မြို့နယ်၊
- (၄) ထန်ပါခွေမြို့နယ်၊
- (၅) နန်းယွန်းမြို့နယ်၊
- (၆) ဒုံဟီးမြို့နယ်၊
- (၇) ပန်ဆောင်မြို့နယ်၊
- (၈) ပင်လယ်ဘူးမြို့နယ်၊
- (၉) ဖောင်းပြင်မြို့နယ်၊
- (၁၀) ဟုမ္မလင်းမြို့နယ်၊
- (၁၁) ခန္တီးမြို့နယ်၊
- (၁၂) ဗန်းမောက်မြို့နယ်၊
- (၁၃) မြို့သစ်မြို့နယ်။
တနင်္သာရီတိုင်းဒေသကြီး
- (၁) ကျွန်းစုမြို့နယ်၊
- (၂) ဘုတ်ပြင်းမြို့နယ်၊
- (၃) ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊
- (၄) ကရသူရိမြို့နယ်။
ရခိုင်ပြည်နယ်
- (၁) မာန်အောင်မြို့နယ်၊
- (၂) မောင်တောမြို့နယ်၊
- (၃) တောင်ပြိုလက်ဝဲမြို့နယ်၊
- (၄) ဘူးသီးတောင်မြို့နယ်။
ရန်ကုန်တိုင်းဒေသကြီး
- (၁) ကိုကိုးကျွန်းမြို့နယ်။
ရှမ်းပြည်နယ်
- (၁) မက်မန်းမြို့နယ်၊
- (၂) ပန်ဆန်းမြို့နယ်၊
- (၃) မန်ကန်မြို့နယ်၊
- (၄) နားဖန်းမြို့နယ်၊
- (၅) ပန်ဝိုင်မြို့နယ်၊
- (၆) မိုင်းမောမြို့နယ်၊
- (၇) လင်းခေးမြို့နယ်၊
- (၈) ဟိုမိန်းမြို့နယ်၊
- (၉) မောက်မယ်မြို့နယ်၊
- (၁၀) မိုင်းပန်မြို့နယ်၊
- (၁၁) မိုင်းယန်းမြို့နယ်၊
- (၁၂) မိုင်းပေါက်မြို့နယ်၊
- (၁၃) မိုင်းလားမြို့နယ်၊
- (၁၄) မိုင်းဆတ်မြို့နယ်၊
- (၁၅) မိုင်းခုတ်မြို့နယ်၊
- (၁၆) မိုင်းတုံမြို့နယ်၊
- (၁၇) မုံးထမြို့နယ်၊
- (၁၈) ပုံပါကျင်မြို့နယ်၊
- (၁၉) မဘိမ်းမြို့နယ်၊
- (၂၀) မန်တုံမြို့နယ်၊
- (၂၁) ကုန်းကြမ်းမြို့နယ်၊
- (၂၂) မော်ထိုက်မြို့နယ်၊
- (၂၃) ကျေးသီးမြို့နယ်၊
- (၂၄) မိုင်းနောင်မြို့နယ်၊
- (၂၅) မိုင်းကိုင်မြို့နယ်၊
- (၂၆) မိုင်းခတ်မြို့နယ်၊
- (၂၇) မိုင်းရှူးမြို့နယ်၊
- (၂၈) မိုင်းစံမြို့နယ်၊
- (၂၉) မိုးမိတ်မြို့နယ်၊
- (၃၀) မိုင်းယောင်းမြို့နယ်၊
- (၃၁) ကျိုင်းတောင်းမြို့နယ်၊
- (၃၂) မိုင်းယုမြို့နယ်၊
- (၃၃) ပန်လုံမြို့နယ်၊
- (၃၄) မုန်းကိုးမြို့နယ်။
မကွေးတိုင်းဒေသကြီး
- (၁) ဂန့်ဂေါမြို့နယ်၊
- (၂) ထီးလင်းမြို့နယ်၊
- (၃) ဆောမြို့နယ်၊
- (၄) ကျောက်ထုမြို့နယ်။
( ခ ) နည်းဥပဒေခွဲ(က)အရ သတ်မှတ်သော လူမှုရေးခက်ခဲသည့်မြို့နယ်များတွင် တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထုတ်ယူရရှိသော လစာနှင့် ညီမျှသည့် ငွေကို ဒေသစရိတ်အဖြစ် သတ်မှတ်ခံစားခွင့်ပြုသည်။