နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၁၅၁
၁၅၁။ ပြည်ပသို့တာဝန်ဖြင့် သွားရောက်နေသည့်ကာလအတွက်လစာကို ပြည်ပသို့မသွားရောက်မီက ခံစားရရှိနေသည့်နှုန်းအတိုင်း ပြည်တွင်း၌ ကျပ်ငွေဖြင့်ခံစားခွင့်ရှိသည်။ ပြည်ပ၌ရှိစဉ် ပြည်တွင်းတွင် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပါက ယင်းသို့ တိုးမြှင့်ခန့်ထားသည့်ရာထူးလစာကို တိုးမြှင့်ခန့်ထား သည့် နေ့ရက်မှစ၍ ခံစားခွင့်ရှိသည်။