ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၁၀၅

၁၀၅။    အထူးမသန်စွမ်းခွင့်ကို အောက်ပါကိစ္စများတွင်လည်း ခံစားခွင့်ပြုနိုင်သည် –

  • (က)    လုပ်ငန်း၏သဘာဝအရ အသက်နှင့်ခန္ဓာကိုယ် အန္တရာယ်ရှိစေသည့်လုပ်ငန်းမျိုးကို ရာထူးတာဝန်အလျောက် ထမ်းဆောင်နေစဉ် မတော်တဆထိခိုက်ဒဏ်ရာရသည့်ကိစ္စ၊
  • ( ခ )    အောက်ပါ အကြောင်းတစ်ရပ်ရပ်ကို   တိုက်ရိုက်အကြောင်းပြု၍    ကူးစက်တတ် သော ရောဂါခံစားရပြီး မသန်စွမ်းမှုဖြစ်ခဲ့ရသည်ဟု ဆေးအဖွဲ့ကထောက်ခံသည့်ကိစ္စ –
    • (၁)   ကူးစက်တတ်သော ရောဂါတစ်ရပ်ရပ်ကို သုတေသနပြုရခြင်း၊
    • (၂)    ကူးစက်တတ်သော ရောဂါတစ်ရပ်ရပ်ကြောင့် သေဆုံးခဲ့သည့်အလောင်း သို့မဟုတ် တိရစ္ဆာန်သေကို ခွဲစိတ်၍ သေဆုံးရခြင်းအကြောင်းရင်းကို ရှာဖွေ သုတေသန ပြုရသည့်လုပ်ငန်းကို လုပ်ဆောင်ရခြင်း၊
    • (၃)   ကူးစက်ရောဂါကာကွယ်မှုနှင့် ကုသမှုအစီအစဉ်များကိုပြုရခြင်း။
  • ( ဂ )    နည်းဥပဒေခွဲ (က)နှင့် နည်းဥပဒေခွဲ (ခ) တို့ပါကိစ္စများတွင် အထူးမသန်စွမ်း ခွင့်ကို ခံစားခွင့်ပြုသည့်အခါဆေးအဖွဲ့က ထောက်ခံသည့်ကာလ၏ တစ်စိတ် တစ်ဒေသကို အထူးမသန်စွမ်းခွင့်အဖြစ်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို အခြား ခွင့်တစ်မျိုးမျိုး အဖြစ်လည်းကောင်း ဆက်စပ်ခွင့်ပြုနိုင်သည်။
  • (ဃ)    တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မသန်စွမ်းဖြစ်ပြီး နယ်ဘက်တာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အထူးမသန်စွမ်းခွင့်ကို စုစုပေါင်း ၂၄ လထက် မပိုစေဘဲခံစားခွင့် ပြုနိုင်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY