နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ၂၈၀
၂၈၀။ အောက်ပါအချက်အလက်များကို သက်ဆိုင်ရာရုံးအမိန့်များ၊ လစာတောင်းခံလွှာများ၊ ခွင့်စာရင်းများနှင့်စိစစ်ပြီး ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် နေ့ရက်ကာလအပိုင်းခြားနှင့်တကွ မှတ်တမ်းတင်ရမည်-
- (က) ရာထူးတိုးမြှင့်ခြင်း၊
- (ခ) နှစ်တိုးခွင့်ပြုခြင်း၊
- (ဂ) ပြောင်းရွှေ့ခြင်း၊
- (ဃ) ခွင့်ခံစားခြင်း၊
- (င) ဆုချီးမြှင့်ခံရခြင်း၊
- (စ) ဘွဲ့ထူး၊ ဂုဏ်ထူးများရရှိခြင်း၊
- (ဆ) ပညာရည်တိုးတက်မှုရရှိခြင်း၊
- (ဇ) သင်တန်းထူးချွန်မှုရရှိခြင်း။