ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ မူလပြဌာန်းချက် နည်းဥပဒေ ၃၀
၃၀။ အဖွဲ့သည် အောက်ပါသင်တန်းများကို ဖွင့်လှစ်ရမည်-
- (က) အထူးမွမ်းမံသင်တန်းများ
- (၁) တက္ကသိုလ်ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊
- (၂) အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊
- (၃) ဝန်ထမ်းအဖွဲ့အစည်းများက အခါအားလျော်စွာ အဆိုပြုလာသော အရာရှိများ အထူးမွမ်းမံသင်တန်း။
- ( ခ ) ပုံမှန်သင်တန်းများ
- (၁) အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊
- (၂) အရာထမ်းအခြေခံသင်တန်း၊
- (၃) အရာထမ်းလောင်းအခြေခံသင်တန်း၊
- (၄) အရာထမ်းငယ်အခြေခံသင်တန်း၊
- (၅) စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း၊
- (၆) စာရေးဝန်ထမ်းအခြေခံသင်တန်း။
- ( ဂ ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ညွှန်ကြားသောသင်တန်းများ။