ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ (၂၀၁၀) ပုဒ်မ ၂၁
၂၁။ (က) အစည်းအဝေးမှတ်တမ်းများကို အဖွဲ့ရုံးက မှတ်တမ်းတင်ထားရမည်။
( ခ ) အစည်းအဝေးမှတ်တမ်းများကို နောက်တစ်ကြိမ် အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက် ရယူရမည်။
( ဂ ) ထုတ်ပြန်ကြေညာခြင်း မပြုသေးသော အဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် အစည်းအဝေး မှတ်တမ်းများသည် နိုင်ငံတော်၏လျှို့ဝှက်ချက်များဖြစ်သည်။