ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ (၂၀၁၀) ပုဒ်မ ၁၆
၁၆။ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော သို့မဟုတ် ပုဒ်မ ၁၈ ပါ ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်းမရှိသော ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်။ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲခြင်း ခံရမည်။