ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ၂၃
၂၃။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေ (၁၉၇၇ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် ၄) အရ ဖွဲ့စည်းထားသော ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့သည် ဤဥပဒေအရ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းသည့် နေ့အထိ မိမိ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက်ရမည်။