ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ နည်းဥပဒေ(၈)
၈။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “၃၄။ အလယ်အလတ်အဆင့်အရာထမ်းသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက်(၅၂)နှစ်နှင့်အောက် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။”