ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ နည်းဥပဒေ(၆)
၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “၃၂။ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၅၇) နှစ်နှင့် အောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။”