ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ နည်းဥပဒေ(၃)
၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၂၃ နည်းဥပဒေခွဲ (ဌ) ၏နောက်တွင် နည်းဥပဒေခွဲ (ဍ) နှင့် (ဎ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
- “(ဍ) အဆိုပြုဝန်ထမ်းများအား စိတ်အခြေအနေ စစ်ဆေးထားခြင်း ရှိ မရှိ၊
- (ဎ) အဆိုပြုဝန်ထမ်းများသည် လက်ရှိရာထူးအတွက် သတ်မှတ်ထားသော နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ပြီးစီးခြင်း ရှိ မရှိ။”