ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(၆)
၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၁၀ တွင် –
- (က) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဃ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ခြင်း၊” - ( ခ ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“( င ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူး နေရာများတွင် စွမ်းဆောင်ရည်ရှိသူများကို ထိုက်တန်စွာ ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် ဝန်ထမ်းအဆင့်အလိုက် ထိရောက်စွာ လေ့ကျင့် ပျိုးထောင်ပေးခြင်း။”