ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(၅)
၅။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေတွင် –
- (က) ပုဒ်မ ၉ ခြေဆင်းကို အောက်ပါအတိုင်းအစားထိုးရမည် –
“၉။ ဝန်ထမ်းများအား ခန့်ထားရေးနှင့် ရာထူးအဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ် ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
( ခ ) ပုဒ်မခွဲ (ခ) မှ (စ)အထိ တို့ကို အောက်ပါအတိုင်းအစားထိုးရမည် –
“ - ( ခ ) အဖွဲ့ကသာ ရွေးချယ်ရန်သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး အဆင့်ရှိ ဝန်ထမ်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်ရန် သတ်မှတ်ခြင်း၊
- ( ဂ ) အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုရွေးချယ်ရန် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် စေရန် လွှဲအပ်ခြင်း၊”
“ - (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ(ဇ) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများ ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ညွှန်ကြားချက် များနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ဆောင်ရွက်စေခြင်း၊
- ( င ) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း တစ်ခုခုတွင် မည်သည့်အဆင့် ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊
- ( စ ) ပြန်တမ်းဝင်အရာရှိ အဆင့်သို့ တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ များပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ထောက်ခံလာ သော ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း။”