နိုင်ငံ့၀န်ထမ်းဥပဒေ (မူလပြဋ္ဌာန်းချက်) – ပုဒ်မ ၃၇
အခန်း (၁၀)
စည်းကမ်းထိန်းသိမ်းရေး
ဝန်ထမ်းကျင့်ဝတ်နှင့်လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာရခြင်း.
၃၇။ ဝန်ထမ်းသည် ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို စောင့်ထိန်းလိုက်နာရမည့်အပြင် ၀န်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာ၀နှင့် ၀န်ထမ်းအမျိုးအစား အလိုက် သီးခြားသတ်မှတ်ထားသည့် ကျင့်၀တ်နှင့်လုပ်ငန်းခွင်စည်းကမ်းများကိုလည်း စောင့်ထိန်း လိုက်နာရမည်။