ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (၂)

၂။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂ တွင် –

  • (က) ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၁) တွင် ပါရှိသော “လွှတ်တော်အသီးသီးက ရွေးချယ် တာဝန်ပေးအပ်သော လွှတ်တော်အဖွဲ့အစည်းများ၏ အကြီးအမှူးများ” ဆိုသည့် စကားရပ်ကို “လွှတ်တော်များ၏အကြီးအမှူးများ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။
  • ( ခ ) ပုဒ်မခွဲ (စ) တွင် ပါရှိသော “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။
  • ( ဂ ) ပုဒ်မခွဲ (ဈ) ၏နောက်တွင် ပုဒ်မခွဲ (ည) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “ (ည) ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ အစိုးရကခန့်အပ်ထားသည်ဖြစ်စေ၊ မခန့်အပ် ထားသည်ဖြစ်စေ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည်-

    • (၁) နိုင်ငံ့ဝန်ထမ်း၊
    • (၂) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခံရသူများ၊
    • (၃) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော ဥပဒေများအရ ခန့်အပ်ထားခြင်းခံရသူများ၊
    • (၄) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊လွှတ်တော်များနှင့် တရားရုံး များတွင် တာဝန်ထမ်းဆောင်နေသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားခြင်း မဟုတ်သောသူများ၊
    • (၅) ရွေးကောက်တင်မြှောက်ခြင်းဖြင့်ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ရွေးချယ်တာဝန်ပေးခံရသူ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသည့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် ၎င်းကဖွဲ့စည်းပေးသော အဖွဲ့အစည်းတွင် ပါဝင်သူများ၊ ၎င်းတို့၏ကိုယ်စား လွှဲအပ်ခြင်းခံရသူများ သို့မဟုတ် ထပ်ဆင့်တာဝန် ပေးအပ်ခြင်းခံရသူများ၊
    • (၆) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမည်ဟု သတ်မှတ်ခြင်းခံရသူများ၊
    • (၇) တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးချုပ်နှောင်ရန် အခွင့်အာဏာ ရှိသူများ၊
    • (၈) လွှတ်တော် သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် အများပြည်သူဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း၏ အဖွဲ့ဝင် လူကြီးကို ရွေးချယ်ရန်အလို့ငှာ ရွေးကောက်ပွဲစာရင်းကို ရေးသား ပြုစုရန်ဖြစ်စေ၊ ထုတ်ပြန်ကြေညာရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ အခွင့်အာဏာအရ ရာထူးလက်ရှိဖြစ်သူများ၊
    • (၉) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံး များတွင် လုပ်ငန်းသဘာဝအရ သီးခြားခန့်အပ်တာဝန်ပေးထား သူများ။”
Tags:  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY