နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ(၁၆)
၁၆။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀၊ နည်းဥပဒေခွဲ(က)၊ နည်းဥပဒေခွဲငယ်(၄) တွင်ပါရှိသော “ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ” ဆိုသည့်စကားရပ်ကို “ဝန်ထမ်း ကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိ” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၃) နှင့် နည်းဥပဒေခွဲငယ်(၄)၊ နည်းဥပဒေခွဲငယ်စိတ်(ခခ) တို့တွင်ပါရှိသော “အငြိမ်းစားဝန်ထမ်း အငြိမ်းစားယူခဲ့သည့်နေ့၏နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိ” ဆိုသည့်စကားရပ်ကို “အငြိမ်းစားဝန်ထမ်း အငြိမ်းစားယူခဲ့သည့်နေ့မှစ၍ ၁၅ နှစ်အထိ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်။