နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ အပိုဒ်၁၇
၁၇။ အထက်အရာရှိ အကြီးအမှူးများကလည်း မိမိလက်အောက်ဝန်ထမ်းများမှ တင်ပြလာသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်းတို့ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ မှန်ကန် မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ရမည်။