နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ အပိုဒ်၁၉
၁၉။ သို့ဖြစ်ပါ၍ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များသည် ကျင့်ဝတ် သိက္ခာနှင့်ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပေါ်လာစေရေး၊ စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်ပေါ်လာစေရေး၊ ပိုမိုကောင်းမွန်သည့် လူမှုအဖွဲ့အစည်းဖြစ်ပေါ်လာ စေရေးတို့အတွက် အထောက်အကူပြုစေမည့် စံတန်ဖိုးများဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါသည်။