နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ အပိုဒ်၁၄
အခန်း(၉)
ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း
၁၄။ နိုင်ငံ့ဝန်ထမ်းများသည်-
- (က) အဂတိတရားကင်းရှင်းစွာ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးရမည်။
- ( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့်ဒေသန္တရဆိုင်ရာအမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရမည်။
- ( ဂ ) ဘက်လိုက်မှုကင်းရှင်းရမည့်အပြင် အများပြည်သူ အထင်အမြင်လွဲမှားစေနိုင်သည့် အပြုအမူ၊ အပြောအဆိုတို့ကိုလည်း ရှောင်ကြဉ်ရမည်။
- (ဃ) ပြည်သူများကို လေးစားမှု၊ စာနာမှုနှင့် တရားမျှတမှုတို့ဖြင့် ဆက်ဆံရမည်။
- ( င ) ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်မျှတစွာ ချမှတ်ရမည်။
- ( စ ) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။