၄၀။ ဝန်ထမ်းကို လက်ရှိလစာနှုန်းအတွင်း၌ နိမ့်သော လစာအဆင့်တစ်ဆင့်သို့ လျှော့ချရာတွင် ဖော်ပြရမည့်အချက်များကို ဖော်ပြပါ။
နည်းဥပဒေ ၅၉ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးကို လက်ရှိရာထူးလစာနှုန်းအတွင်း၌ နိမ့်သောလစာအဆင့်တစ်ဆင့်သို့ လျှော့ချသည့်အခါ အောက်ပါအချက်များကို တိကျစွာဖော်ပြရမည်-
- (က) နိမ့်သောလစာအဆင့်သို့ လျှော့ချသည့်ကာလ၊
- ( ခ ) မူလလစာအဆင့်သို့ ပြန်လည်တိုးမြှင့်ပေးသည့်အခါ နိမ့်သောလစာအဆင့်သို့ လျှော့ချ ခဲ့သည့်ကာလသည် နောင်နှစ်တိုးများကို ရွေ့သွားစေခြင်းရှိမရှိ၊
- ( ဂ ) နောင်နှစ်တိုးများကို ရွေ့သွားစေမည်ဆိုပါက ယင်းသို့ ရွေ့စေသည့်ကာလ။