၃၅။ အားလပ်ရက်ရှည်ဆိုသည်မှာ အဘယ်နည်း။
နည်းဥပဒေ ၉၀ ပါပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ဆိုသည်မှာ ပြက္ခဒိန်နှစ်တစ်နှစ် အတွင်း တစ်ဆက်တည်းပိတ်ရက် ၁၅ ရက် ထက်ကျော်လွန်သော ကာလတစ်ရပ်ကိုဆိုသည်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ အားလပ်ရက်ရှည် ကာလတစ်ခုတည်းရှိပြီး ထိုအားလပ်ရက်ရှည် ကာလသည် ရက်၃၀ အောက်လျော့နည်းပါကလည်း ထိုကာလကိုတစ်လဟုမှတ်ယူရမည်။