၃၃။ လုပ်သက်ခွင့်ကို အခြားခွင့်များနှင့် ဆက်စပ်၍ ခံစားခွင့်ပြုနိုင်ပါသလား။
နည်းဥပဒေ ၈၈ ပါ ပြဋ္ဌာန်းချက်အရ လုပ်သက်ခွင့်ကိုဆေးလက်မှတ်ခွင့်နှင့် လစာမဲ့ခွင့်တို့၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားခွင့်ရှိသည်။ အငြိမ်းစားယူရန် ကြိုတင် ပြင်ဆင်ခွင့်ကို ငြင်းပယ်ထားသည့်ကိစ္စမှတစ်ပါး အငြိမ်းစားယူရမည့်နေ့ရက်ထက်ကျော်၍ ခံစားခွင့် မရှိစေရ။