၂၅။ ရှေးဦးစုံစမ်းမှုဆိုသည်မှာ အဘယ်နည်း။
နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ယ) အရ ရှေးဦးစုံစမ်းမှု ဆိုသည်မှာ စွပ်စွဲတိုင်ကြားချက် တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ဖြစ်စေ ဝန်ထမ်းကို အရေးယူရန်လုံလောက်သော အချက်အလက်၊ အထောက်အထားများရှိမရှိ ရှေးဦးစွာစုံစမ်းခြင်းဖြစ်သည်။