ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၂၀။ ရာထူးသက်၊ လုပ်သက်အတွက်အမှတ်ပေးရာတွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြပါ။

နည်းဥပဒေ ၃၆ ပါ ပြဋ္ဌာန်းချက်အရ ရာထူးသက်၊ လုပ်သက်အတွက်အမှတ်ပေးရာတွင် –

  • (က)      လုပ်သက်ပြတ်နေသောကာလ၊ လစာမဲ့ခွင့်ကာလနှင့် တာဝန်တွင်ရှိသည်ဟု မသတ်မှတ်သော တာဝန်မှယာယီရပ်ဆိုင်းထားခြင်းခံရသောကာလများကို လုပ်သက် အဖြစ်ရေတွက်ခြင်းမပြုဘဲ တစ်ဆက်တည်းဖြစ်သော လုပ်သက်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုမှ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုသို့ တစ်ဆက်တည်းပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သော လုပ်သက်တို့ကို ပေါင်းစပ် ရေတွက် အမှတ်ပေးရမည်။
  • ( ခ )      တစ်ဆက်တည်းဖြစ်သော လုပ်သက်အတွက် အမှတ်ပေးရာ၌ လက်ရှိရာထူးအဆင့် မှစ၍ ယင်းအောက်ရာထူးသက်များကို အောက်ပါအတိုင်း သတ်မှတ်ပေးရမည်-
    • (၁)        လက်ရှိရာထူးအဆင့်အတွက် ရာထူးသက်တစ်နှစ်လျှင် ၃  မှတ်၊
    • (၂)         အောက်တစ်ဆင့်နိမ့်သောရာထူးအဆင့်အတွက် လုပ်သက်တစ်နှစ်လျှင် ၂  မှတ်၊
    • (၃)        ယင်းထက်အောက်တစ်ဆင့်နိမ့်သောရာထူးအဆင့်အတွက် လုပ်သက်တစ်နှစ် လျှင် ၁ မှတ်၊
    • (၄)        ထပ်မံ၍ အောက်တစ်ဆင့်နိမ့်သော ရာထူးအဆင့်တိုင်းအတွက် လုပ်သက် တစ်နှစ်လျှင်     ၁/၂ မှတ်၊
    • (၅)        ရာထူးအဆင့်တိုင်းတွင် ခြောက်လထက်ကျော်သော လုပ်သက်ကို တစ်နှစ်ဟု လည်းကောင်း၊ ခြောက်လမပြည့်သောလုပ်သက်ကို တစ်ဆင့်နိမ့်သော ရာထူး၏ လုပ်သက်တွင်ပေါင်း၍လည်းကောင်း တွက်ချက်ရရှိသောအမှတ်။
  • ( ဂ )      လုပ်သက်အတွက် အများဆုံးရနိုင်သော စုစုပေါင်းအမှတ်သည် ၁၀၀ ဖြစ်သည်။
  • (ဃ)    လုပ်သက်ရေတွက်ရာတွင် –
    • (၁)   စတင်တာဝန်ထမ်းဆောင်သည့် ရာထူးအထိ လုပ်သက်ကို ရေတွက်ရမည်။
    • (၂)    အရာထမ်းများ၏ ရာထူးတိုးမြှင့်ရေးတွင် ရာထူးစုအမျိုးအစားမတူသော လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။ ထိုသို့ရေတွက်ရာတွင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်။
    • (၃)   အမှုထမ်းများ၏ ရာထူးတိုးမြှင့်ရေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီက သဘောတူလျှင် ရာထူးစုအမျိုးအစား မတူသောလုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။

my_MMMY