အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀ အပိုဒ်၄
အခန်း(၂)
ရည်ရွယ်ချက်များ
၄။ ဤစွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်သည့် စနစ်ကိုရေးဆွဲရသည့် ရည်ရွယ်ချက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
- (က) ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်ရာ၌ ရလဒ်ကိုအခြေခံသည့် စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်စေရန်၊
- ( ခ ) အဆိုပါအဆင့်သို့ တိုးမြှင့်ခန့်ထားမည့် ရာထူးနေရာများနှင့်အမှန်တကယ် ကိုက်ညီမှုရှိ သည့် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားနိုင်စေရန်၊
- ( ဂ ) စွမ်းဆောင်ရည်ပြည့်ဝပြီး ပိုမိုခိုင်မာအားကောင်းသည့် ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန်။