အမိန့်ကြော်ငြာစာ အမှတ် ၁၆/၂၀၂၂ အပိုဒ် (၂)
၂။ အထက်အပိုဒ် ၁၊ အပိုဒ်ခွဲ (ခ) နှင့် (ဂ) တို့ပါ ဝန်ထမ်းများ၏ ရာထူးနေရာများတွင် အစားထိုး ဖြည့်စွက်ခန့်ထားလိုက်သည့်အတွက် မူလရာထူးအနွယ်မရှိတော့သူများအား အခြားဝန်ကြီးဌာန အဖွဲ့အစည်းများရှိ ဖွဲ့စည်းပုံအရ လစ်လပ်နေသည့် လစာနှုန်းတူ ရာထူးနေရာများတွင် ပြောင်းရွှေ့ ခန့်ထားခြင်း သို့မဟုတ် မူလဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်/ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်များအတွက် ဥပဒေအကြံပေး သို့မဟုတ် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ ကျန်နိုင်ငံ့ ဝန်ထမ်းများအတွက် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း ပြန်လည်ခန့်ထားခြင်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏သဘောထားမှတ်ချက်ရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်ဖြင့် အသက် (၆၂) နှစ်ပြည့်သည်အထိ ခန့်ထားခြင်းဆောင်ရွက်နိုင်သည်။