နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ – ၄၂
၄၂။ အရည်အချင်းစစ်ဆေးရေးအဖွဲ့ကရေးဆွဲသော တန်းစီဇယား၏သက်တမ်းသည် အရည် အချင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးသည့် တာဝန်ရှိသူက လက်မှတ်ရေးထိုး အတည်ပြုပြီးသည့် နေ့မှစ၍ နှစ် နှစ် အထိဖြစ်သည်။ ယင်းတန်းစီဇယား နှစ် နှစ်မပြည့်မီ ဝန်ထမ်းများ ရာထူးတိုးမြှင့် ပေးရန် မကျန်တော့သည့်အခါတွင် တန်းစီဇယားအသစ်ထပ်မံရေးဆွဲရန် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။