နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၂၇၃
၂၇၃။ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသော အငြိမ်းစားဝန်ထမ်းသည် –
- (က) စာချုပ်ပါချီးမြှင့်ငွေကို လစဉ် လကုန်သည့်နေ့ရက်၌ ခံစားခွင့်ရှိသည်။
- ( ခ ) ပင်စင်လစာခံစားနေသူဖြစ်ပါက စာချုပ်ဖြင့် ခန့်ထားသည့်ကာလအတွင်း ပင်စင် လစာကို ဆက်လက်ခံစားခွင့်ရှိသည်။
- ( ဂ ) ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များအပြင် ပြက္ခဒိန်နှစ် တစ်နှစ်လျှင် ရှောင်တခင်ခွင့် ၁၀ ရက် နှင့် လုပ်သက်ခွင့်ကို တာဝန်ထမ်းကာလ ၏၁/၁၁ နှုန်းဖြင့်စာချုပ်ဖြင့်ခန့်ထားသည့် ကာလအတွင်း လုပ်ခမပျက်ခံစားခွင့်ရှိသည်။ ယင်းကာလအတွင်း ခွင့်ခံစားခြင်းမပြုပါက အဆိုပါခွင့်သည် ပျက်ပြယ်စေရမည်။
- (ဃ) ခွင့်ခံစားသည့်ကိစ္စမှတစ်ပါး အလုပ်ခွင်သို့လာရောက်ရန် ပျက်ကွက်ပါက ပျက်ကွက် သည့်နေ့ရက်အတွက် ချီးမြှင့်ငွေမှ အချိုးကျဖြတ်တောက်ခြင်းခံရမည်။
- ( င ) တာဝန်အရ ခရီးသွားလာရပါက စာချုပ်ပါ သတ်မှတ်ထားသောအဆင့်နှင့်အညီ ခရီး စရိတ်နှင့် နေ့တွက်စရိတ်များ ခံစားခွင့်ရှိသည်။
- ( စ ) အငြိမ်းစားယူပြီး တစ်ဆက်တည်း ကျွမ်းကျင်သူအဖြစ် ခန့်ထားသည့်ကိစ္စမျိုးတွင် ကြိုတင်ပြင်ဆင်ခွင့် လေးလ ခံစားခွင့်မရရှိသဖြင့် ယင်းလေးလအတွက် လစာကို တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရှိသည်။