ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ မူလပြဌာန်းချက် နည်းဥပဒေ ၁၄
၁၄။ ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝအရ သီးခြားအရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီရန် လိုအပ်သည့်အခြေအနေမျိုးတွင် အဖွဲ့က စစ်ဆေးသော ရေးဖြေစာမေးပွဲ၌ အရည်အချင်း ပြည့်မီသူများကို လိုအပ်သည့် သီးခြားအရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ မရှိ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းက ဦးစွာစစ်ဆေးရမည်။ ယင်းသို့စစ်ဆေး၍ သီးခြားအရည်အချင်း နှင့် ပြည့်စုံသူများကိုသာ အဖွဲ့က စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်၍ ရွေးချယ်ရမည်။