ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ၈

အခန်း(၃)

အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၈။ အဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) ပုဒ်မ ၃ ပါ နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျရွေးချယ်ခြင်း၊
  • ( ခ ) ဝန်ထမ်းများအား ထိရောက်စွာလေ့ကျင့်ပျိုးထောင်ခြင်း၊
  • ( ဂ ) ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒ လမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား အထောက်အကူပြုခြင်း၊
  • (ဃ) ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဃ-၁) ၀န်ထမ်းများ၏ ၀န်ဆောင်မှုအပေါ် ပြည်သူများ၏ သ‌ဘောထားအမြင်များကို စစ်တမ်းကောက်ယူပြီး သုတေသနပြုလုပ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • ( င ) ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊
  • (စ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစစ်ပြန်ကြားခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းခြင်း၊ နိုင်ငံတော်သမ္မထံ အစီရင်ခံတင်ပြခြင်း၊ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဆ-၁) ပြန်တမ်း၀င်အရာရှိ တစ်ဦးဦးအား ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်းလာမှုအပေါ် ထိုအရာရှိ၏လုပ်ငန်းအတွေ့အကြုံသည် ပြောင်းရွှေ့တာ၀န်ထမ်းဆောင်မည့်ဌာန၏ လုပ်ငန်းသဘာ၀နှင့်ကိုက်ညီမှုရှိ၊ မရှိအပါအ၀င် အခြားလိုအပ်သည့်စိစစ်မှုများ ပြုလုပ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဆ-၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ၀န်ထမ်းဖွဲ့စည်းပုံ ရေးဆွဲတင်ပြခြင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံအကြံပြုတင်ပြခြင်း၊ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဆ-၃) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ နိုင်ငံ့၀န်ထမ်း ရာထူးအုပ်စုများအလိုက် ကျွမ်းကျင်မှုမူဘောင်များနှင့် လုပ်ငန်းတာ၀န်သတ်မှတ်ချက်များရေးဆွဲနိုင်ရေး အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဇ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ၀န်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဈ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့တာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများအား ခန့်အပ်ခြင်းတို့ ပြုရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ နိုင်ငံ့၀န်ထမ်းဥပဒေနှင့်အညီ ဖွဲ့စည်းခန့်အပ်နိုင်ရန် ဆောင်ရွက်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ည) အဖွဲ့၏ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံနှစ်စဉ် အစီရင်ခံခြင်းနှင့် လိုအပ်ပါက ကြားဖြတ်အစီရင်ခံစာ တင်သွင်းခြင်း၊
  • (ဋ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကိုထမ်းဆောင်ခြင်း။
Tags:  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY