ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ၁၀

၁၀။ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေး အတွက် ဝန်ထမ်းတက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊
  • (ခ) သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပ ဆောင်ရွက်ခြင်း၊
  • (ဂ) လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
  • (ဃ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်း များအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် နိုင်ငံ့၀န်ထမ်းလေ့ကျင့်ရေးမူဝါဒနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (င)၀န်ထမ်းအဖွဲ့အစည်း အကြီးအမှုးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူးနေရာများတွင် စွမ်းဆောင်ရည်ရှိသူများကို ထိုက်တန်စွာ ရွေးချယ်ခန့်အပ် တာ၀န်ပေးနိုင်ရေးအတွက် ၀န်ထမ်းအဆင့်အလိုက် ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
Tags:  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY